Hlut Taw Shae Nay
Maung Kaung Phay
09251015089
မြေငှားဂရန်
သက်တမ်းကုန်မြေနဲ့
အဆောက် အအုံကို
ဝယ်ယူမယ်ဆိုရင်
ဦးစွာ
ပထမဆုံး
မြေငှားဂရန်သက်တမ်း တိုးဖို့
လိုအပ်တယ်လို့
သိရပါတယ်။
အကယ်၍
မြေကွက်အမည် ပေါက်သူ
ကွယ်လွန်သွားခဲ့ရင်
တရားရုံးရဲ့
အမိန့်ဒီဂရီအရပဲဖြစ် ဖြစ်
အမွေထိန်းစာအရပဲဖြစ် ဖြစ် ၊
ဂရန်သက်တမ်းတိုးနိုင်ပါ တယ်။
ဂရန်သက်တမ်းတိုးပြီးမှ
အရောင်း အဝယ်စာချုပ်
ချုပ်နိုင်ပါတယ်။
ဒါပေမဲ့
တရားရုံးရဲ့
အမိန့်ဒီဂရီအရ
ဂရန်သက်တမ်းကုန်ပေမဲ့
မှတ်ပုံတင်အရောင်းအဝယ်
စာချုပ်ချုပ် ဆိုနိုင်တယ်လို့
“မောင်ကောင်းဖေ”သိရပါတယ်။
ဒါကြောင့်
မြေငှားဂရန်သက်တမ်းကုန်ပေမဲ့
ဥပဒေနဲ့အညီ
အရောင်း အဝယ်ပြုလုပ်
နိုင်ပါတယ်။
သတိပြုသင့်တဲ့
အချက်ကတော့
မြေငှားဂရန်မိတ္တူနဲ့
အရောင်းအဝယ်ပြုလုပ်တဲ့
ကိစ္စဖြစ် ပါတယ်။
အကြောင်းအမျိုးမျိုး ကြောင့်
မြေငှားဂရန်မူရင်းပျောက်
ဆုံးသွားရင်လည်း
သက်ဆိုင်ရာ
မြို့ပြမြေယာဌာနမှာ
မြေငှားဂရန် မိတ္တူမှန်ထုတ်ပေးဖို့ လျှောက်ထားနိုင်ပါတယ်။
ရန်ကုန်မြို့မှာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီ
မြို့ပြမြေယာဌာနမှာပဲ ဖြစ်ဖြစ်၊
မြို့ရွာအိုးအိမ်ဦးစီးဌာနမှာပဲဖြစ်ဖြစ်
လျှောက်ထားနိုင်တယ်လို့
မောင်းကောင်းဖေလေ့လာသိရပါ တယ်။
အဲသည်လို
မြေငှားဂရန်မိတ္တူ
လျှောက်တဲ့အခါ
အမည်ပေါက် ကိုယ်တိုင်
လျှောက်ထားရမှာဖြစ်ပါတယ်။
ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်
စာချုပ်စာတမ်းတွေ၊
ရဲစခန်းတိုင်တန်း ချက်တွေနဲ့
လျှောက်ရမှာဖြစ်ပါ တယ်။
တကယ်လို့
မြေကွက်အမည်ပေါက်သူကွယ်လွန်သွားခဲ့ရင်
တရားရုံးရဲ့ အမိန့်ဒီဂရီအရပဲဖြစ် ဖြစ်၊
အမွေထိန်းစာအရပဲဖြစ်ဖြစ်
မြေငှားဂရန်မိတ္တူလျှာက်ထား
နိုင်ပါတယ်။
အဲသည်လျှောက်ထားချက်ကို သက်ဆိုင်ရာ
မြေယာဌာန
ဒါမှမဟုတ်
ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီက
သတ်မှတ်ထားတဲ့
လျှောက်လွှာပုံစံနဲ့ ပိုင်ဆိုင်တဲ့
အထောက်အထားတွေ
ပြည့်စုံမှုရှိမရှိ
စစ်ဆေးပြီး
လက်ခံဆောင်ရွက်ပေးတယ်လို့
မောင်ကောင်းဖေသိရပါ တယ်။
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဥပဒေအရ
မြေငှားဂရန် မိတ္တူထုတ်ပေးနိုင်ဖို့အတွက်
ကန့်ကွက်လိုပါက
ကန့်ကွက်နိုင်တယ်ဆိုပြီး
နေ့စဉ်ထုတ်သတင်းစာ
တစ် စောင်မှာ
(၇)ရက်ထုတ်ပြန်ပြီး
ကန့်ကွက်သူမရှိရင်
မြေစာရင်းနဲ့
ပိုင် ဆိုင်မှုစာရွက်စာတမ်းတွေ၊
တရားရုံးရဲ့ အမိန့်ဒီဂရီတွေကို
စစ်ဆေးပြီး
သက်ဆိုင်ရာ လျှောက်ထားသူ တွေကို
ဂရန်အမည်ပေါက်နဲ့
ဂရန် မိတ္တူထုတ်ပေးပါတယ်။
“ဖြစ်တတ်တာကတော့
ရောင်းသူအနေနဲ့
မြေငှားဂရန်မူ ရင်းကို
ပေါင်နှံထားပြီး
ပျောက်ဆုံး တယ်လို့ဆိုပြီး
ဂရန်မိတ္တူကို
လိမ်လည်လျှောက်ထားရယူ
တတ်ကြ တာကြောင့်
ဂရုပြုရပါတယ်”လို့
မောင်ကောင်းဖေလေ့လာသိရှိရပါတယ်။
ဒါကြောင့်
မြေငှားဂရန်မိတ္တူနဲ့
အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ဝယ်သူအနေနဲ့
အဝယ်အမှားမဖြစ် စေဖို့
သက်ဆိုင်ရာမြေယာဌာနကို
မြေကွက်နဲ့ စပ်လျဉ်းပြီးတော့
သေ ချာစုံစမ်းစစ် ဆေးပြီးမှ
ဝယ်သင့်ပါကြောင်း
မောင်ကောင်းဖေ
စေတနာကောင်းနဲ့
လေ့လာတင်ပြလိုက်ပါတယ်။
မှတ်ချက်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။