မိတ်ဆွေတို့... ကိုယ်တိုင်ရောင်းလို ကိုယ်တိုင်ငှားလိုပါသလား... ယခုပဲ Register လုပ်ပြီး ကိုယ်တိုင် Post တင်ကြော်ညာလိုက်ပါ...
Welcome to Home Sweet Home Real Estate

အိမ်ခြံမြေဝယ်ယူတော့မည်ဆိုလျင်


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
09251015089
အိမ်ခြံမြေဝယ်ယူတော့မည်ဆိုလျင်
မြေအကြောင်းလေ့လာထားသင့်သည်ဟု”မောင်ကောင်းဖေ” ယူဆသဖြင့်လက်လှမ်းမီရာဥပဒေစာပေများမှရှာဖွေတင်ပြလိုက်ပါသည်။
-မြေပိုင်မြေ
မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။
-ဘိုးဘပိုင်မြေ
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုသည်။
-ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။
-လိုင်စင်မြေ
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။
-စလစ်မြေ
စလစ်မြေဆိုသည်မှာသက်ဆိုင်ရာမြေစာရင်းဦးစီးဌာကချထားပေးသည့်မြေကွက်အတွက်ထုတ်ပေးသည့်စလစ်စာရွက်ရှိမြေကွက်ဖြစ်သည်…ဟုသိရပါသည်။
-ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုသည်။
-မြေငှားဂရန်မြေ
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။
-စကွာတာမြေ
“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို” ဆိုလိုသည်။
-ကျူးလွန်ခြင်းမြေ
“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလို သည်။
-ကျူးကျော်မြေ
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိသော မြေကိုဆိုလိုသည်။
-မြို့ကွက်မြေပုံ
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။
-မြို့မြေစာရင်း
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။
**🌷မြေအမျိုးမျိုး
မြို့ပြမြေယာအဖြစ် အသုံးပြုသည့်မြေများသည် “စိုက်ပျိုးခြင်းမပြုနိုင်သောအမျိုးအစား”တွင်ပါဝင်သည်ကို မောင်ကောင်းဖေတို့တွေ့ရပြန်သည်။
(OA-၁၃ မျိုး)
**မြို့မြေ/ရွာမြေ/ကျေးရွာဘုံမြေ
**သာသနာမြေ/သိမ်မြေ/သုဿန်မြေ
**စားကျက်မြေ၊သတ္ထုတွင်းမြေ၊
*မီးရထားမြေ၊လမ်းမြေ၊ဆည်မြောင်း၊တာတမံ၊ဆည်၊ကန်မြေ၊
*မြစ်ချောင်းနှင့်ရေအောက်မြေ၊
*အင်းအိုင်မြေ၊စက်ရုံမြေ၊တပ်မြေ
*လေယာဉ်ပျံကွင်းမြေ၊
*အမျိုးအစားခွဲခြားဖော်ပြခြင်းမပြုနိုင်သောမြေ(Un-Classsified Areas)စသည်ဖြင့်ရှိပါသည်။
ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သောဆောင်ရန်ရှောင်ရန် မြေများဖြစ်ပါသည်။
ယင်းသို့ မြေအမျိုးမျိုးအကြောင်း တင်ပြလိုက်ပါသည်။

မှတ်ချက်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။