“အိမ်ခြံမြေပါမစ် “ဝယ်သူတွေ
“အဟောင်း/အသစ်••••
မတူလို့အခက်တွေ့”
========================
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
☎️09251015089
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
“ဆရာ ကောင်း..အိမ်မှာရှိသလား”
“ကျွန်တော့်မြေကွက်ကိစ္စ
တိုင်ပင်ဆွေးနွေးစရာရှိလို့
လာ ချင်လို့ပါ”
“ဒီနေ့ရုံးဖွင့်ရက်ဆိုတော့
ပန်းဆိုးတန်းရုံးခန်းမှာ
ရောက်နေပြီညီလေး”ဟု
ပြန်ဖြေ လိုက်သဖြင့်
တစ်ဖက်မှ“ဟုတ်ကဲ့”ဟုဆိုကာ
ဖုန်းပိတ်သွားသည်။
မောင်ကောင်းဖေ”ထံ
လာရောက် ဆွေးနွေးလိုသူမှာ
အခြားသူမဟုတ်ပါ။
တောင်ဒဂုံမှ
အိမ်၊ ခြံ၊ မြေအကျိုးဆောင်
လုပ် ငန်းလုပ်ကိုင်နေသူ
“ကိုနေမျိုးဆွေ”ဖြစ်သည်။
အဖြစ်က မနှစ်ကနှင့်မတူ
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူ
🌷🌷🌷
အိမ်၊ ခြံ၊ မြေအကျိုးဆောင်
အများစုမှာ
ပါမစ်၊ စလစ်၊ မြေကွက်များ
အရောင်းအဝယ် လုပ်ကြရာ၌
ရှေ့နေများခေါ်၍
စာချုပ်ချုပ်ဆိုကြလေ့မရှိပေ။
ဈေးဆိုင်များတွင်
ရောင်းချ သည့်
အဆင်သင့်ပြုလုပ်ထားသော
“နှစ်ဦးသဘောတူမြေကွက်
အရောင်းအဝယ် ကတိ စာချုပ်”ဖြင့်
သာ စာချုပ်ကြလေ့ရှိသည်ကို
“မောင်ကောင်းဖေ”တွေ့ရသည်။
ဤသို့ ပွဲစားများအကြောင်း
စဉ်းစားလျက်
ရုံးဆင်းသည့်အခါ
အိမ်သို့ပြန်ခဲ့သည်။
အိမ်ရောက်သည်နှင့်
မကြာမီ “ကို နေမျိုးဆွေ”လည်း
မောင်ကောင်းဖေအိမ်သို့
ရောက်လာသည်။
“ကိုနေမျိုးဆွေ”ကို
ကြည့်ရသည်မှာ
အလွန်အမင်း စိတ်ရှုပ်ထွေး
နေပုံရသည်။
၎င်း ၏လက်တွင်း၌
ပလပ်စတစ်အိတ်ဖြင့်
ထည့်ယူလာသော
စာရွက်စာတမ်းများလည်း
ပါ လာသည်ကိုတွေ့ရသည်။
“
ကဲ..’ကဲ ….ကိုနေမျိုး
ဘာများစိတ်ညစ်စရာတွေ
ရှိနေလို့လဲ ပြောပါဦး”ဟု
“မောင်ကောင်းဖေ”က
ရေ လာမြောင်းပေး
စကားပြောလိုက်သည်နှင့်...
.“ဒီလိုဆရာကောင်းရေ
ကျွန်တော့်ရဲ့ မိတ်ဆွေ အတွက်
ဒဂုံ ဆိပ်ကမ်းမြို့ နယ်က
(၈၆ )ရပ်ကွက်မှာ
မြေကွက် ၂ ကွက်ဝယ်ဖို့
စရန်ငွေ သိန်း (၂၀၀ )ချပေး
ထားတယ်လေ။
အခု ဝယ်ယူမယ့်မြေချပါမစ်
စာရွက်စာတမ်းတွေက
မကြာသေးမီ
၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇
ခုနှစ်အတွင်း ထုတ်ပေးထားတဲ့
ပါမစ်တွေဖြစ်နေတယ်။
အခု အပြီးငွေချေဖို့
ရက်ကလည်း ၃ ရက် ပဲ
လိုတော့တယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး
ဦးစီးဌာနက
“အမှန်တကယ်ထုတ်ပေးထားတာ
ဟုတ် မဟုတ်”နဲ့
“မြို့နယ်မြေယာ ရုံးခွဲမှာ “
စာရင်းတင်သွင်းထားခြင်း
ရှိမရှိ၊
အဲဒီမြို့ နယ်ရုံးခွဲမှာ
သွားရောက်
စုံစမ်းဖို့ သွား တဲ့ အခါ
မြေယာရုံးတွေ ပိတ်ထားတာ
တွေ့ရတယ်။ “
အဲဒါ အခု
စစ်လို့မရတော့ဘူး၊
ဒါနဲ့ ပါမစ် စာရွက်စာတမ်းတွေ
ပြည့်စုံမှ မှန်ကန်မှုရှိ မရှိ
ဆရာကောင်းခန့် မှန်းပေးပါဦး ”ဟု
ပြောရင်း
မြေချပါမစ်မိတ္တူတူ ၂ စုံကို
“မောင်ကောင်းဖေ”ရှေ့ တွင်
ထုတ်ပြသည်။
🍎မြို့တော်စည်ပင်မြေယာဌာနသို့
လွှဲပြီး သော်လည်း
မြေချပါမစ်အသစ်များ ထွက်နေဆဲ
🌸🌸🌸
ကိုနေမျိုးဆွေပြသည့်
အတိုင်းပင်
ပူပူနွေးနွေး
ပါမစ်အသစ်များကို
တွေ့ရ၍
မောင်ကောင်းဖေ “ လည်း
အံ့သြသွားသည်။
၂၀၁၀ ခုနှစ်ကပင်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနမှ
မြို့ သစ်အိမ်ရာကွက်များကို
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
မြို့ပြစီမံကိန်း နှင့် မြေစီမံကိန်းနှင့်
မြေစီမံကိန်းခွဲမှုဌာနသို့
လွှဲပြောင်းပေးထားပြီး
ဖြစ်ကြောင်း
သိရှိရပါ သည်။
ထိုအချိန်မှစ၍
ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီမှ
အမည်ပေါက် စစ်ဆေးပေးခြင်း၊
အနှစ် ၆၀ မြေငှားဂရန်စာအုပ်
အသစ်များ ထုတ်ပေးခဲ့သည်ကို
တွေ့ရ ပါသည်။
ဂရန်သစ်လျှောက်သူရှိသကဲ့သို့
မြေချ ပါမစ်ကိုင်ထားသူ
များလည်းရှိ
🌽🌽🌽🌽🌽🌽🌽🌽
ထိုစဉ်မှစ၍
ယနေ့အချိန်တိုင်အောင်
အနှစ် ၆၀ ဂရန်စာချုပ်များ
ရယူထားသူများ
ရှိ သကဲ့သို့
ယခင် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက
ထုတ်ပေးထားသည့်
“မြေချပါ မစ်” များကို
မူလအတိုင်း ကိုင်ဆောင်
ထားသူများလည်းရှိသည်။
ထို့ကြောင့်
“မောင်ကောင်းဖေ”မှာ
ယခင် မြို့ရွာနှင့် အိုးအိမ်ဦးဌာနမှ
ထုတ်ပေးထားသော
“မြေချပါမစ်”များနှင့်
ပိုမို ရင်းနှီးကျွမ်း ဝင်မှု
ရှိနေခဲ့သည်။
ယခုလို
“ကိုနေမျိုး”ပြသသော
မြေချပါမစ်အသစ်များ ကို
တွေ့ရသည့်အခါ
“အတု၊ အစစ်” အတိအကျ
ခွဲခြားပြနိုင်ရန်
အခက်အခဲဖြစ်သွားပါ သည်။
ယခင် မြို့/အိုး
ဒုတိယညွှန်ကြားရေး မှူးမှ
ယခု မြို့ပြညွှန်ကြားရေးမှူး
လက်မှတ်ထိုး
🌸🌸🌸
“အခု ကိုနေမျိုးပြတဲ့
မြေချပါမစ် ၂ စုံကို
အတု၊ အစစ် အတော်ခွဲခြားဖို့
ခက်တယ်ဗျာ။ “
ရန်ကုန်မြို့တော်
စည်ပင်သာယာရေး
ကော်မတီသို့
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးဌာန မှ လွှဲပြောင်းပြီးသည့်နောက်
မကြာသေးမီက
ထွက်ပေါ်လာသည့်
ပါမစ်အသစ်တွေ
ဖြစ်နေ ပေမယ့်
အဲဒီပါမစ် ၂ စုံအနက်
၂၀၁၇ခုနှစ်ထုတ်ပေးသည့်
ပါမစ်(၁)စုံမှာ
ဒုတိယညွှန်ကြားရေးမှူးမှ
လက်မှတ်ရေးထိုး
ပေးထားသည်ကို
တွေ့ရသည်။
ဒုတိယညွှန်ကြားရေးမှူးမှာ
လက်ရှိ တာဝန်ထမ်းဆောင်သူ
မဟုတ်တော့ပေ။
၂၀၁၅ ခုနှစ်ခန့်ကထုတ်ပေးသည့်
ပါမစ်အသစ်တစ်ခုမှာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး မှယခု
ညွှန်ကြားရေးမှူးလက်မှတ်နှင့်
တွေ့ရသည်။
အမှန်ဆိုရလျင်•••••
မြို့နယ်မြေယာရုံးခွဲဖွင့်ထား
ပါက
မြေချပါမစ်မူရင်းပြသပြီး
စစ် ဆေးလိုက်လျင်
ပြည့်စုံမှန်ကန်မှုရှိမရှိ
သိနိုင်မည်ဖြစ်သည်။
မှန်သည်၊ မှားသည်
သက်ဆိုင်ရာရုံးက အသိဆုံး
🥰🥰🥰🥰🥰
“ယခု ဒီပါမစ် ၂ ခု
ရောင်းသူဘက်က
မှန်ကန်ပြည့်စုံကြောင်း
တာဝန်ယူဖို့လိုသည်။
ထို့ပြင်
“သက်ဆိုင်ရာ မြို့နယ်မြေယာရုံးခွဲမှ
မြို့နယ်ဦးစီးအရာရှိ
လက်မှန် မှန် ကန်တယ်”
“မှတ်ပုံတင်သွင်းပြီးလည်း
ဖြစ်တဲ့အကြောင်း “
“ရောင်းသူကသက်သေခံ
အထောက်အထားပြနိုင် တယ်
ဆိုရင်တော့ ဝယ်လို့ရပါတယ်။ “
“မှန်ကန်တယ်၊ မမှန်ကန် ဘူး”ဆိုတာသက်ဆိုင်ရာရုံးက
တာဝန်ရှိသူတွေ
အသိဆုံးပေါ့ကိုနေမျိုးရာ”
“အေး တစ်ခုတော့မှာလိုက်ပါရစေ၊ “
“ဒုတိယညွှန်ကြားရေးမှူး
”လက်မှတ်ထိုးထားတဲ့
ပါမစ်အသစ်က
စည်ပင်မှာမရှိနိုင်ဘူး”
“လက်ရှိအိုးအိမ်
ညွှန်ကြားရေးမှူး
လက်မှတ်ထိုးထားတဲ့
ပါမစ်အသစ်ကတော့
မြို့တော်စည်ပင်မှာ
စာရင်းသွင်းပြီးဖြစ်လိမ့်မယ်။
ဘာကြောင်းလည်းဆိုတော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရ
လက်ထက်က
ထုတ်ပေးထားတဲ့
ပါမစ်ဖြစ်လို့ပေါ့။
ယခုအရောင်းအဝယ်ပြုလုပ်တဲ့
“ပါမစ် ၂ စုံကို ဝယ်ပြီးတာနဲ့
ရန်ကုန်မြို့တော်စည်ပင်
မြေယာဌာနမှာ
ပါမစ်တွေကိုဂရန်သစ်တွေ
ပြန်လုပ်ပေးတဲ့အခါ
အနှစ် (၆၀ )ဂရန်အသစ်
လျှောက်မယ်။
စည်ပင်မြေယာဌာနမှာ
အမည်ပေါက်မရှိရင် /
လွှဲပြီးသားမဟုတ်ရင်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးဌာနမှာ
အမည် ပေါက်မှန်ကန်ခြင်းရှိ မရှိ။
မြို့ တော်စည်ပင်မြေယာဌာနကအကြောင်းကြားစာပို့လိမ့်မယ်၊
“အဲဒီ အခါ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
“အမည်ပေါက်မရှိပါ”လို့
အကြောင်းပြန်ကြား
ခဲ့ရင်
ဝယ်သူပေးအပ်ထားတဲ့
ရောင်းကြေးငွေအားလုံး
ပြန်လည် ပေးအပ်ပါမယ်လို့
ရောင်းသူက ဝန်ခံကတိပြုကြောင်း လက်မှတ်ရေးထိုးပေးခိုင်းဖို့
လိုအပ်ပါတယ်”ဟု
ရှင်းပြလိုက်ပါသည်။
ဤတွင်မှ
ကိုနေမျိုးဆွေလည်း
ရင်ထဲမှအပူလုံး ကျသွားပုံ
ပေါ်သည်။
“ကျေးဇူးပါပဲဆရာကောင်းရယ်၊ “
“အခုကိစ္စက မလွယ်တဲ့ကိစ္စ”
ဖြစ်နေလို့ ဆရာ့ကောင်းကို
လာမေးရ တာပါ၊”
ရောင်းသူကလည်း
သူတို့ဘက်ကမှန်ကြောင်း
လုံးဝတာဝန်ယူတယ်၊
အာမခံ တယ်လို့ ကတိပေးမယ်”
ဆိုရင်တော့ကောင်းတာပေါ့။
ဝယ်သူဘက်ကလည်း
အရင်လို မြေယာရုံးခွဲတွေမှာ
တိုက်ဆိုက်စစ်ဆေးခွင့်
မ ရှိတော့ဘူးဆိုတော့
မယုံတော့ဘူး။
ဒါကြောင့်
ပြဿနာတွေ ရှုပ်ကုန်တာပေါ့။
ဆရာကောင်းပြောတဲ့
နည်းကတော့ အကောင်းဆုံးပါပဲ”ဟု
ဆိုကာ နှုတ်ဆက်ပြီး
ပြန်သွားပါတော့သည်။
🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚🧚
“လို လျှင်ကြံဆ၊ နည်းလမ်းရ”
ကြပါစေ”။
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
မှတ်ချက်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။