လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
09251015089
အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC)
👩❤️💋👩👩❤️💋👩👩❤️💋👩👩❤️💋👩👩❤️💋👩👩❤️💋👩👩❤️💋👩👩❤️💋👩🧶👩❤️💋👩
ခွင့်ပြုချက်မကျမီ
လူနေထိုင်တဲ့ကိစ္စ
သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိလို့
ဒဏ်ငွေကောက်ခံတာ
ရှိလာပါကလည်း
ဒဏ်ငွေကျခံရန်
တာဝန်ဟာလည်း
ကန်ထရိုက်တာ (သို့မဟုတ်)
မြေရှင်ကသာ
တာဝန်ယူကျခံရမှာဖြစ်ပါ တယ်။
ဒါကိုမောင်ကောင်းဖေ
သတိပေးပါတယ်နှော်
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ဥပဒေပုဒ်မ-၃၁၂(င)အရ
ကော်မတီရဲ့
ခွင့်ပြုချက်မရှိဘဲ
ဝင်ရောက် နေထိုင်ခြင်း၊
အသုံးပြုခြင်းအတွက်
နေ့စဉ်
ငွေဒဏ် ကျပ်တစ်သောင်းမှ
ကျပ်ငါးသောင်းထိ
ပြစ်ဒဏ်ချ မှတ်နိုင်တဲ့အထိ
အရေးယူခံရနိုင်ပါတယ်။
အဆောက်အဦပြီးစီးကြောင်းလက်မှတ်
(BCC) မကျသေးတဲ့
တိုက်ဖြစ်တဲ့အတွက်
ကိုယ်ပိုင် လျှပ်စစ်မီတာ
တပ်ဆင်ရန်ကိစ္စကလည်ူ
ထည့်သွင်းစဉ်စားရမယ့်
အချက်ဖြစ်ပါတယ်။
ကိုယ်ပိုင်လျှပ်စစ်မီတာ
တပ်ဆင်ဖို့အတွက်
ကုန်ကျစရိတ်ကို
မည်သူကျခံမလဲ
ဆိုတာကလည်း
အရေးကြီးကိစ္စအဖြစ်
ပါဝင်လာပြန်ပါတယ်။
လျှပ်စစ် မီတာတစ်လုံးကို
၅သိန်းကျော်
ကုန်ကျနေတဲ့
ခေတ်ကာလမှာ
အရောင်းအဝယ်စာချုပ်မှာ
ကြိုတင်ညှိနှိုင်း
ချုပ်ဆိုထားခြင်းမရှိပါက
ရောင်းသူများဖြစ်တဲ့
ကန်ထရိုက်တာနဲ့
မြေရှင်တို့များက
တိုက်ခန်းဝယ်ယူသူထံမှ
ကုန်ကျစရိတ်ထပ်မံ
ကောက်ခံခြင်းများရှိနေတာကို
တွေ့ရပြန်ပါတယ်။
ဒါ့ကြောင့်
ဒီကိစ္စတွေကို
စတင်ဝယ်ယူတဲ့အချိန်က
စာချုပ်ချုပ်ရာမှာ
ထည့်သွင်းချုပ်ဆို
ထားမှသာ
အခန်းဝယ်ယူသူများ
အနေဖြင့်
ပိုမိုစိတ်ချရမှာဖြစ်ပြီး
စာချုပ်တွင် မပါဝင်ပါက
ကန်ထရိုက်တာနှင့်
မြေရှင်များဟာ
တိုက်ခန်းဝယ်ယူသူများကို
အချိုးကျထည့်ဝင်ခိုင်းတာ
ကုန်ကျစရိတ်ကောက်ခံတာ
ရှိနိုင်ပါတယ်။
ဒါ့ကြောင့်
တိုက်ခန်းဝယ်ယူမယ်ဆိုရင်
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက်
မရရှိသေး တဲ့
တိုက်ခန်းများကို
မဝယ်ယူသင့်ကြောင်း
အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး
လူနေထိုင် ခွင့်ရပြီးသား
တိုက်ခန်းကိုသာ
ရွေးချယ်ဝယ်သင့်ပါကြောင်း....
မှတ်ချက်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။